Description
<p>“စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲသွားသလို၊ တဖက်မှာလည်း ပဋိပက္ခစီးပွားရေးဟာ သိသိသာသာ ကြီးထွားလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့တွေအနေနဲ့ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမယ့် တရားမဝင် သယံဇာတတူးဖော်မှု၊ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဝင်ရောက်လာမှုနဲ့ မြေယာသိမ်းပိုက်မှုတွေ အပါအဝင် ပဋိပက္ခစီးပွားရေး ကွန်ရက်တွေက ပိုမိုနက်ရှိုင်းလာပါတယ်။ ဒီဆိုးကျိုးတွေကို အလူးအလဲ ခံစားရသူတွေကတော့ ဒေသခံ ပြည်သူလူထုတွေပါပဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတွေအောက်မှာ ဒေသခံတွေဟာ ပြောရေးဆိုခွင့်မရှိဘဲ “အသံမဲ့” နေကြရပါတယ်။ ရှင်သန်ရပ်တည်ရေးအတွက် မလွှဲမရှောင်သာ နေရပ်စွန့်ခွာရတာ၊ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်လာရတာတွေနဲ့အတူ ဆိုးရွားတဲ့ အခြေအနေကို အသစ်သောပုံမှန်အခြေအနေ (New normal) အဖြစ် မျိုသိပ်လက်ခံနေကြရပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေပါ မှေးမှိန်လာနေပါတယ်။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာတော့ ရှမ်းမြောက်ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခစီးပွားရေးရဲ့ သက်ရောက်မှုတွေကို ISP-Myanmar က လူငယ်သုတေသီတွေက ဆွေးနွေးတင်ပြထားပါတယ်။</p>