Description

Arakan Sagawar

Rakhine State's News-You-Can-Use Talk Show. A weekly curated news and talk radio program and podcast with episodes in Rohingya and Rakhine languages. The show promotes social cohesion and reconciliation in Rakhine State, creating a space for dialogue on ethnic and religious diversity.

ရခိုင်ပြည်နယ်ရဲ့ News-You-Can-Use Talk Show နှစ်ပတ်တကြိမ် သတင်းအစီအစဥ်၊ စကားပြော ရေဒီယိုအစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။

Episode - 4 မှာတော့

- ရခိုင်ဆားလုပ်ငန်းမြှင့်တင်ရေး ဆားတောင်သူတွေကို ကျပ်သိန်း ၁ သောင်း မေလအတွင်း ထုတ်ချေးမယ်

- နူရာလီပါရာ ဒုက္ခသည်စခန်းမီးလောင်မှု နေအိမ် ၁၀၀ ထက်မနည်း ပြာကျ

- ငပုတောမှာ မွတ်ဆလင် ၇၀ ဖမ်းဆီးခံရ

- WFP ထောက်ပံ့မှုတွေကို မူလအတိုင်း ပြန်ထောက်ပံ့ပေးဖို့ မွတ်ဆလင်ဒုက္ခသည်တွေ လိုလားနေ

- ကျောက်တစ်လုံးစခန်းကို ကာယကံရှင်အများစု သဘောမကျတဲ့နေရာသစ်သို့ ပြောင်းရွှေ့ရတော့မယ်

- ဘူးသီးတောင်ရှိ ပျက်စီးနေတဲ့ စစ်ဘေးရှောင်စခန်းတွေ မိုးရာသီမတိုင်မီပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ

- မွတ်စလင် ဒုက္ခသည်စခန်း ၄ ခုမှာ UNHCR က နေအိမ်အမိုးအကာတွေ တည်ဆောက်ပေး

- မောင်တောမြောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားလာ ခွင့်ပြု

- (၁၃) ကြိမ်မြောက် ခမီအမျိုးသားနေ့ကျင်းပ

- (၇) ကြိမ်မြောက် မြိုအမျိုးသားနေ့ ပုဏ္ဏားကျွန်းတွင် စတင်ကျင်းပ

- မရမာကြီးအမျိုးသားနေ့ကို လာမယ့်မေလ ၃ ရက်နေ့ကျင်းပမယ့်သတင်းတွေနဲ့အတူ မေလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်ပွဲတော်မှာ နှစ်ဖက်အသိုင်းအဝိုင်းအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ပြန်လည်အစပြုလာတာနဲ့ ပတ်သက်လို့ ရခိုင်နဲ့ ရိုဟင်ဂျာပြည်သူတချို့ကို Arakan Sagawar မှ ဆက်သွယ်မေးမြန်းပြီး စုစည်းတင်ဆက်ထားပါတယ်။